လူတစ်ယောက်ကို ချစ်လျက်နဲ့ စိတ်ကုန်သွားတဲ့အခါမှာ အချစ်ပျောက်သွားတာမဟုတ်ဘဲ နှလုံးသားကပင်ပန်းသွား တာတစ်ချိန်က သူ့အသံကိုကြားရတာနဲ့ပဲ နေ့တစ်နေ့လုံး ပျော် ရွှင်ခဲ့တဲ့နှလုံးသားက၊ အချိန်ကြာလာတာနဲ့အမျှ မျှော်လင့်ချက်တွေ တဖြည်းဖြည်းပင်ပန်းလာတယ်...။
တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ပျော်ရွှင်မှုတစ်ခုတည်း
နဲ့မတည်ရှိဘဲ နားလည်မှု၊ ဂရုစိုက်မှု၊ လေးစားမှုတွေလိုအပ် တယ်လေ။
အဲ့ဒီအရာတွေမညီမျှတော့တဲ့အခါ ကိုယ်ကချစ်နေပေမ ယ့် စိတ်ထဲမှာ အေးလာတာကို ခံစားရတယ်။
လူတစ်ယောက်ကို ချစ်လျက်နဲ့ စိတ်ကုန်သွားတဲ့အခါ အများ အားဖြင့် ဆူညံမှုကြီးကြီးမားမားမရှိပါဘူး။ အပြင်ပန်းမှာ ဘာမှမဖြစ်ပေမယ့် အတွင်းမှာတော့ မပြောချင်တဲ့စကား တွေ၊ မမျှော်လင့်ချင်တော့တဲ့အိပ်မက်တွေ စုပုံလာတယ်။ အရင်က စောင့်မျှော်ခဲ့တဲ့မက်ဆေ့ချ်တစ်စောင်ကိုတောင် နောက်ပိုင်းမှာ အရေးမကြီးတော့သလို ခံစားလာရတယ်။ ဒါဟာ အချစ်ကိုဆုံးရှုံးသွားတာမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ နှလုံးသားက တဖြည်းဖြည်းနောက်ဆုတ်လာတာ ပါ။
စိတ်ကုန်သွားတဲ့အချိန်မှာ လူတစ်ယောက်က ခွဲခွာချင်လို့ မဟုတ်ဘဲ အနားယူချင်တာပါ။ အရမ်းချစ်ခဲ့လို့ပဲ နာကျင်မှု လည်း ပိုများခဲ့တာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အချစ်ကို
ဆက်ထိန်းထားဖို့ထက် ကိုယ့်စိတ်ကို ကုစားဖို့က ပို အရေးကြီးတယ်ဆိုတာသိလာခဲ့တယ်..။
အဲဒီအချိန်မှာ ကိုယ့်စိတ်ကို နားလည်ပေး နိုင်ခြင်း၊ ကိုယ့် ခံစားချက်ကို လက်ခံနိုင်ခြင်းက အရေးကြီးဆုံးဖြစ်တယ်...။ လူတစ်ယောက်ကို ချစ်လျက်နဲ့ စိတ်ကုန်သွားခြင်းဟာ အရှုံး မဟုတ်ပါဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ နှလုံးသားက သူ့ ကိုယ်သူ ကာကွယ်ဖို့ သင်ယူလိုက်တဲ့ သင်ခန်းစာတစ်ခုဖြစ် တယ်။တကယ်တော့လေ အချစ်ဆိုတာ တစ်ခါတစ်ရံ ဖက်တွယ် ထားခြင်းထက် လွှတ်ချနိုင်ခြင်းက ပိုတန်ဖိုးရှိတယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိလိုက်ရပါပီ












































